|

As of July 1, 2018 – Twelve professions previously reserved for Thais now permitted to foreigners.

ဇူလိုင်လ ၁ ရက်နေ့ကစပြီးတော့ နိုင်ငံခြားသားအလုပ်သမားတွေကို ကန့်သန့်ထားတဲ့ အလုပ် ၃၉ မျိုးထဲမှ ၁၂ မျိုးကိုစတင်လုပ်ခွင့်ပြုတော့မည်ဟု အလုပ်သမားဝန်ကြီးက အတည်ပြုပါတယ်။

၁၉၇၉ မှစပြီး ထိုင်းအစိုးရကသတ်မှတ်ထားတဲ့ နိုင်ငံခြားသားများလုပ်ခွင့်မရှိတဲ့ ထိုင်းတွေအတွက် ဦးစားပေးအလုပ်အကိုင် ၃၉ မျိုးထဲက အခုလို ၁၂ မျိုးကိုပေးလုပ်မှာဖြစ်ကြောင်း ကြာသပတေးနေ့က ကြေညာချက်ထုပ်ပြန်ပါတယ်။

အလုပ်သမားဝန်ကြီးက အဲ့ဒီလိုအလုပ်အကိုင်တွေကို (ခွင့်ပြုချက်မရှိဘဲလုပ်ကိုင်နေကြတဲ့သူတွေအတွက်) လုပ်ကိုင်လျက်ရှိတဲ့ကိုသက်ငြာထောက်ထားပြီးကြားဖြတ်စီစဉ်ပေးတဲ့သဘောပါ၊ ဘာဖြစ်လို့လဲဆိုတော ဇူလိုင် (၁)ရက်နေ့ဆို ချိုးဖောက်သူတွေမှန်သမျှ ဖမ်းဆီးခံရတော့မှာဖြစ်လို့ပါ။

နိုင်ငံခြားသားတွေကို အခုလုပ်ခွင့်တိုးပေးလိုက်တဲ့အလုပ် ၁၂ မျိုးကတော့ ကာယခွန်အားစိုက်ထုပ်ပြီးလုပ်ရသည့်လုပ်ငန်းများအဖြစ် ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် မဖြစ်မနေ နိုင်ငံခြားသားတွေသာလုပ်ရဖို့ဖြစ်တဲ့ (အလုပ်ကြမ်း)အလုပ် ၁၁ မျိုးဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း၊ သီးသန့်လုပ်ကိုင်ခြင်းမျိုးစတာတွေပြုလုပ်ခွင့်မရှိပါ။

အဲ့ဒီ လုပ်ခွင့်ရတဲ့ ၁၁ မျိုးကတော့ စိုက်ပျိုးရေး၊ တရိစ္ဆာန်ထိမ်းသိမ်းမွေးမြူရေး၊ သစ်တောနှင့်စက်စပ်လုပ်ကိုင်သည့်လုပ်ငန်း၊ ငါးလုပ်ငန်း၊ အခြားသော ကျွမ်းကျင်မှုနှင့်မဆိုင်သည့်လုပ်ငန်း၊ အုပ်စီခြင်း၊ လက်သမား၊ အခြားဆောက်လုပ်ရေးဆိုင်ရာအလုပ်ကြမ်းများ၊ မွေ့ရာချုပ်လုပ်ခြင်း၊ ဂွမ်းဆောင်ရက်/ချုပ်ခြင်း၊ အသုံးအဆောင်ဓါးကိရိယာလုပ်ခြင်း၊ဖိနပ်လုပ်ငန်း၊ ဦးထုပ်လုပ်ငန်း၊ အထည်ချုပ်၊ အိုးထိမ်းသည်၊ ကြွေထည်လုပ်ငန်းတို့ဖြစ်ပါတယ်။

ထိုင်းအစိုးရအသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်ရှိ (ကျွမ်းကျင်သူ)နိုင်ငံခြားသားအနေဖြင့် ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ ဗိသုကာနှင့် စာရင်းကိုင်တို့အဖြစ်လုပ်ခွင့်ရှိသည်။ဒီသုံးခုကိုလတ်တလောမှာ လုပ်ခွင့်ပြုရတဲ့အကြောင်းကတော့ အာဆီယံနိုင်ငံအသိုင်းအဝိုင်းရဲ့ ကတိကဝတ်ပါ ဒေသတွင်းအာဆီယံနိုင်ငံမှာ (ကျွမ်းကျင်)အလုပ်သမားများ လွတ်လပ်စွာပြောင်းရေ့ွှလုပ်ကိုင်ခွင့်မူအရကြောင့်ဖြစ်ပါတယ်။

ထိုင်းတွေအတွက် ကျန်တဲ့ ၂၈ မျိုးသောအလုပ်များကတော့

ပန်းပုလုပ်ငန်း၊ လက်ချုပ်ထည်လုပ်ငန်း၊ ဖျာရက်လုပ်ခြင်း၊ မီးဖိုချောင်သုံးအတွက် အိမ်တွင်းမှုလုပ်ငန်းအဖြစ် ကြိမ်- လျော်- ကျူ- ကောက်ရိုး နှင့် ဝါတို့မှထုပ်ကုန်ပြုလုပ်ခြင်းလုပ်ငန်း၊ အလှဆင်လက်လုပ်ဖယောင်း-ပိုးစက္ကူပြလုပ်ခြင်းလုပ်ငန်း ထိုင်းရိုးရာဝိသေသများပါဝင်သည့် လက်မှုအနုပညာထည်လုပ်ငန်းများ၊ ၊ယွန်းထည်လုပ်ငန်း၊ ထိုင်းရိုးရာဂီတအသုံးအဆောင်များထုပ်လုပ်ခြင်း၊ ရိုးရာထိုင်းအရုပ်များပြုလုပ်ခြင်း၊ ရွှေထည်လုပ်ငန်း၊ ငွေထည်လုပ်ငန်း၊ ကြေးလုပ်ငန်း၊ သပိတ်၊ ပိတ်ထည်ထီးလုပ်ငန်းနှင့် ဗုဒ ရုပ်ပွားတော်နှင့်ဆက်စပ်သည့် ပုံ-ရုပ်ထုလုပ်ငန်း၊ ထိုင်းအက္ခရာစာသားနှင့်ဆိုင်ရာလုပ်ငန်း နှင့် ထိုင်းပိုးထည်လက်ချုပ်လုပ်ငန်းတို့ဖြစ်ပါတယ်။

ပြည်တွင်းကုန်းလမ်းပို့ဆောင်ရေးလမ်းကြောင်းမှ လိုင်းကားမောင်နှင်ခြင်း၊  ဆေးလိပ်လိပ်ခြင်း၊ ဈေးဆိုင်နှင့်အခြားသောလက်လီဒိုင်ဆိုင်များတွင်ဈေးရောင်းခြင်း၊ လှည့်လည်ဈေးရောင်းချဖြင်း၊ လေလံတင်ရောင်းခြခြင်းဆိုင်ရာ၊ စိန်-ကျောက်သွေးခြင်း၊ အလှပြင်နှင့်ဆံပင်ညှပ်ခြင်း၊ ဒေသခံဈေးရောင်းကိုယ်စားလှယ်၊ ဥပဒေပိုင်းဆိုင်ရာအကြံပေးခြင်းဝန်ဆောင်မှုဆိုင်ရာ၊ဧည့်လမ်းညွှန်၊ လမ်ဘေးဈေးသည်၊ ဘာသာရေးနှင့်ကိုယ်ရေးအတွင်းရေးမှူးုဆိုင်ရာလုပ်ငန်း၊ ထိုင်းရိုးရာအနှိပ်သည်လုပ်ငန်းတို့ဖြစ်ပါတယ်။

ဆက်လက်ပြီး အလုပ်သမားဝန်းကြီးက ဈေးဆိုင်ပိုင်ရှင်တွေအနေနဲ့ နိုင်ငံခြားသားအလုပ်သမားတွေ ဆက်လက်ငှားရမ်းထားပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ ဆိုင်ရဲ့အထွေထွေလုပ်ငန်းတွေကိုလုပ်ဖို့အတွက်ဘဲရမယ် ဥပမာအားဖြင့် ဈေးဝယ်သူကို ပစ္စည်းယူပေးတာတို့ ပစ္စည်းဘောင်ချာပေးတာတို့ဘဲလုပ်ခွင့်ရှိမယ်၊ ငွေကြေးနှင့်ဆက်စပ်လို့ ပြန်အမ်းတာ-လက်ခံယူတာတွေလုပ်ခွင့်မရှိပါဘူးတဲ့။

အလားတူဘဲ နိုင်ငံခြားသားအလုပ်သမားဟာ ယာဉ်မောင်းနှင်တဲ့အခါ အလုပ်ခွင့်နဲ့ ဆက်စပ်တဲ့ဧရိယာအဝန်းဝိုင်းမှာဘဲ မောင်းနှင့်ခွင့်ရှိပါတယ်တဲ့။

Similar Posts